သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပခြင်း
Post Image

         ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး နေပြည်တော်၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်၌ ဘားအံမြို့၊ ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် Video Conferencingစနစ်ဖြင့် ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကိုက လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ လမ်းညွှန်မှာကြားချက်များနှင့် တရားစီရင်ရေးဆိုင်ရာ အချက်များကိုလည်းကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်စန်းဝင်းက တရားရုံးစီမံခန့်ခွဲရေးဆိုင်ရာ များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ခရိုင်နှင့် မြို့နယ်တရားသူကြီးများက တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့ကြသည်။

  အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း ( ၉၃ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နှစ်စဉ် အစီအရင်ခံစာ