တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းအရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီအချိန်၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဆင်း ဂုဏ်ပြုအမှာစကားပြောကြားပါသည်။
ဆက်လက်ပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးက သင်တန်းတွင် ထူးချွန်ဆု အမှတ်ပေးရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်း နှင့် ဦးညွန့်လင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးတို့က ထူးချွန်ဆုများ ပေးအပ် ချီးမြှင့်ခြင်းနှင့် အောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ (၁၈)ဦး နှင့် သင်တန်းသား/ သူ (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။






