ကရင်ပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများ၏ ကျောင်းနေအရွယ်ကလေးများအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့ မွန်းလွဲ (၁၆:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး တက်ရောက်လာသော အရာထမ်း၊ အမှုထမ်းများ၏ သား၊ သမီးများအား ကျောင်းသုံးစာအုပ်များနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်း နှင့် ဦးညွန့်လင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးတို့က ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် ၎င်းတို့၏ သား၊ သမီးများ တက်ရောက်ခဲ့ကြပါသည်။










