ပြည်နယ်အတွင်း (၃၀- ၆-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၃:၀၀)အချိန် တောင်တန်းသာသနာပြု(ဗဟို)ကျောင်း၌ ကရင်ပြည်နယ်သံဃနာယကအဖွဲ့(ဂိုဏ်းပေါင်းစုံ)မှ ကြီးမှူးကျင်းပသော သံဃနာယကနှင့် ဝိနည်းမိုရ် (ဆင့်ပွား)သင်တန်းဆင်းပွဲတွင် တရားရေးဆိုင်ရာသိကောင်းစရာများကို ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးကလည်းကောင်း၊ (၈- ၆- ၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၀၀)အချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်အမျိုးသမီးကော်မတီတို့မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် '' အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ'' အခမ်းအနားတွင် ကရင်ပြည်နယ်အတွင်းရှိ တရားရုံးများ၏ ဆောင်ရွက်ချက်များအား ပြည်နယ်တရားသူကြီးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လှိုင်ကလည်းကောင်း၊ (၂၈- ၆- ၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန် ဘားအံတက္ကသိုလ်နှင့် မွန်းလွဲ (၁၅:၀၀)အချိန် ကွန်ပျူတာတက္ကသိုလ်တို့၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်၍ ဥပဒေအကြောင်းသိကောင်းစရာများကို ပြည်နယ်တရားရေးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကလည်းကောင်း ဆွေးနွေးပို့ချခဲ့ပါသည်။


