သတင်းများ

ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲသို့ တက်ရောက်
Post Image

           ဘားအံမြို့၊ သေဌမာရ်အောင်ဘုရားကြီးတွင် (၁- ၈- ၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်သော (၂၄)ကြိမ်မြောက် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း တက်ရောက်ပြီး ရဟန်း၊ သာမဏေနှင့် သီလရှင်တို့အား ဆွမ်းဆန်စိမ်း နှင့် ဝတ္ထုငွေများ လောင်းလှူဆက်ကပ်ခဲ့သည်။

           အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ကော့ကရိတ်ခရိုင်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်၍ ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ခဲ့ကြသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ