(၁၄- ၈-၂၀၂၃) ရက်နေ့ (၁၇:၀၀) အချိန် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ မိုးလုံလေလုံအားကစားခန်းမ ရေဘေးကယ်ဆယ်ရေးစခန်း၌ ယာယီပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၄၇ စု၊ လူဦးရေ ၇၅၁ ဦးအတွက် ကရင်ပြည်နယ်တရားရေးမိသားစုက လှူဒါန်းသည့် ထမင်း၊ ဟင်း ၃၀၀ ဘူး၊ လက်ဖက်ပဲခြမ်းထုပ် ၁၅၀ထုပ်၊ ဝေဖာမုန့် ၁၅၀ ထုပ်တို့အား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး၊ ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ နှင့် ရုံးဝန်ထမ်းများ သွားရောက် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ပါသည်။









