သီတင်းကျွတ်အခါသမယတွင် ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၌ ကျင်းပပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဘားအံမြို့၊ သီရိကွင်း၌ ကျင်းပသော မီးပုံးပျံလွှတ်ပွဲနှင့် မဲဘောင်ကျောင်းတွင် ပြုလုပ်သော သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း တက်ရောက်ပြီး ရဟန်း၊ သာမဏေနှင့် သီလရှင် တို့အား ဆွမ်းဆန်စိမ်း နှင့် ဝတ္ထုငွေများ လောင်းလှူဆက်ကပ်ခြင်း၊ မီးပုံးပျံလွှတ်ပွဲကို ပါဝင်ဆင်နွှဲခြင်း ပြုခဲ့ပါသည်။
အဆိုပါအခမ်းအနားများသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်၍ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ မီးပုံးပျံလွှတ်ခြင်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲ



မီးပုံးပျံလွှတ်ပွဲ





သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲ





ဆီမီး ၉၀၀၀ ပူဇော်ပွဲ
