တရားစီရင်ရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/ ၂၀၂၃)ကို (၁၆- ၁၁- ၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ Video Conferencing (Zoom) ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး နှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ နှင့် တရားသူကြီးများ စုစုပေါင်း ( ၂၂ ) ဦး တက်ရောက်ခဲ့ပါသည်။