သတင်းများ

အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပခြင်း
Post Image

             အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးက သင်တန်းဖွင့်အမှာစကားပြောကြားပါသည်။


          အဆိုပါ သင်တန်းဖွင့်ပွဲသို့  ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ (၁၀)ဦး နှင့် သင်တန်းသား/ သူ (၁၅) ဦးတို့ တက်ရောက်ခဲ့ပါသည်။ သင်တန်းကို (၁၈- ၁၁- ၂၀၂၃) ရက်နေ့မှ (၁၉- ၁၁- ၂၀၂၃) ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် ဖာပွန်ခရိုင်တရားသူကြီး ဦးအောင်ကျော်သူက Microsoft Word အခြေခံရေးသားအသုံးပြုခြင်း၊ ပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကိုကိုက  Microsoft Word Table ရေးဆွဲခြင်း၊ ပြည်နယ်တရားရေးဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဦးစောဝေလင်းက Power Point ပြုလုပ်ခြင်းနှင့် ရုံးလုပ်ငန်းသုံး Webmail ဝင်ရောက်အသုံးပြုနည်းတို့ကို ဆွေးနွေးပို့ချပေးမည် ဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ