သတင်းများ

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာသင်တန်းကို Video Conferencing (Zoom)ဖြင့် ဖွင့်လှစ်ခြင်း
Post Image

             တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာသင်တန်းကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်၌ Video Conferencing (Zoom)ဖြင့် ဖွင့်လှစ်ခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားပါသည်။

       အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ  (၂၈) ဦး နှင့် တရားရုံးဝန်ထမ်း (၂၂) ဦး တို့ တက်ရောက်ခဲ့ပါသည်။

       သင်တန်းတွင် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးနှင့် ကရင်ပြည်နယ်တရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သက်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းယုလွင်တို့က  စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာများကို Power Point ဖြင့် ဆွေးနွေး ပို့ချခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ