တရားရုံးဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၂/ ၂၀၂၃)ဖွင့်ပွဲကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ကော့ကရိတ်ခရိုင်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံး၊ ကြာအင်းဆိပ်ကြီးခရိုင်တရားရုံးတို့မှ တရားရေးအရာရှိ (၁၇)ဦး နှင့် သင်တန်းသား/ သူ (၁၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။ သင်တန်းကို (၁၁- ၁၂- ၂၀၂၃) ရက်နေ့မှ (၁၅- ၁၂- ၂၀၂၃) ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး၊ အမှုတွဲမိတ္တူကူးခြင်း၊ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေး၊ အမှုတွဲထိန်းသိမ်းခြင်းနှင့် အမှုတွဲခန်းပို့ခြင်း၊ ဝန်ထမ်းများ၏ တာဝန်နှင့် အခွင့်အရေးများ၊ လက်တွေ့ငွေစာရင်းလုပ်ငန်းများ၊ ရုံးစာရေးသားနည်း၊ ဘီလစ်လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းတစ်ဦးချင်း၏ လုပ်ငန်းတာဝန်များဘာသာရပ်တို့ကို သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။


