တရားရုံးဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ဆင်းပွဲ ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ခြင်းအခမ်းအနားကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီအချိန်၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းဆင်း ဂုဏ်ပြုအမှာစကားပြောကြားပါသည်။
ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်း နှင့် ဦးညွန့်လင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးတို့က ထူးချွန်ဆုများ ပေးအပ် ချီးမြှင့်ခြင်းနှင့် အောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ် တရားရုံး၊ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံး နှင့် ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ (၂၀) ဦး နှင့် သင်တန်းသား/ သူ (၁၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။








