သတင်းများ

နှစ်သစ်ကူးအကြိုအထိမ်းအမှတ် ရုံးဝန်ထမ်းများအား ထမင်းကြော်ဖြင့် တည်ခင်းဧည့်ခံခြင်းနှင့် အမှတ်တရလက်ဆောင်ပေးအပ်ခြင်း
Post Image

              ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်သို့ ကူးပြောင်းရောက်ရှိတော့မည့် နှစ်သစ်ကူးအကြိုအထိမ်းအမှတ်အဖြစ်  ထမင်းကြော်ဖြင့် တည်ခင်းဧည့်ခံခြင်း နှင့် ရုံးဝန်ထမ်းများအား တစ်ဦးချင်း မဲနှိုက်ရွေးချယ်၍ အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းအခမ်းအနားကို ပြည်နယ်တရားလွှတ်တော်တွင် (၂၉- ၁၂- ၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၄း၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
       အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ လှိုင်းဘွဲမြို့နယ်တရားရုံး၊ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးနှင့် ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ နှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ