သတင်းများ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေးမှု ထမနဲထိုးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း
Post Image

          ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ်၊ တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို (၂၄- ၂- ၂၀၂၄) ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်း၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်း၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ နှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ပြီး  ကရင်ပြည်နယ်တရားလွှတ်တော်အသင်းမှလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

             အဆိုပါပြိုင်ပွဲတွင်  ပြိုင်ပွဲဝင် (၅၈) သင်းဝင်ရောက်ယှဉ်ပြိုင်ရာ ကရင်ပြည်နယ်တရားလွှတ်တော်အသင်းမှ ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ