သတင်းမီဒီယာဆင့်ပွားသင်တန်းကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၂)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်၌ ဖွင့်လှစ်ခဲ့ရာ ရုံးအဖွဲ့မှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လှိုင် က သတင်းမီဒီယာ အကြောင်းအရာများကို ဆွေးနွေး ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံး တို့မှ တရားရေးအရာရှိ (၁၈) ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းပြီးသည့်နောက်တွင် သက်ပြည့်အငြိမ်းစားယူမည့် ရုံးအဖွဲ့မှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လှိုင်အား ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံး တို့မှ တရားရေးအရာရှိများက အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။



