ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ရွှေယဉ်မျှော်ပြည်တော်ဧစေတီ ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နှင့် စတုဒိသာ အလှူတော်မင်္ဂလာ အခမ်းအနားကို (၂၄- ၃- ၂၀၂၄) ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီခန့်က ဘားအံမြို့၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးနှင့် ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ပြီး သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များအား ဝတ္ထုငွေ၊ အစာကြေဆေးဘူး နှင့် လက်ဖက်ရည်ထုပ်တို့ကို လောင်းလှူ ဆက်ကပ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်းခံရသော ကရင်ပြည်နယ်အတွင်းရှိ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးတို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို (၂၄- ၃- ၂၀၂၄) ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီခန့်က ဘားအံမြို့၌ ကျင်းပရာ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး တက်ရောက်ပြီး ဝတ္ထုငွေ၊ မျက်နှာသုတ်ပုဝါ နှင့် သွားတိုက်ဆေးတို့ကို လောင်းလှူ ဆက်ကပ်ခဲ့ပါသည်။















ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများသည် တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများနှင့်အတူ တပေါင်းလပြည့်နေ့ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်တရားလွှတ်တော်မှ ပေါင်မုန့်ထုပ်များဖြင့် ကျွေးမွေးလှူဒါန်း ကုသိုလ်ပြုခဲ့ပါသည်။

