သတင်းများ

အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်းနှင့် သံဃာတော် အရှင်သူမြတ်တို့အား လှူဘွယ်ဝတ္တုအစုစု လှူဒါန်းဆက်ကပ်
Post Image

        ၂၀၂၄ ခုနှစ် ၊ ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်း ၁ ရက်နေ့ )၊ မွန်းလွဲ (၁၅:၀၀) နာရီ အချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော်၌ အန္တရာယ်ကင်းပရိတ်တရားတော် နာယူကြပြီး သံဃာတော် အရှင်သူမြတ်တို့အား လှူဘွယ်ဝတ္တုအစုစုတို့ကို လှူဒါန်းဆက်ကပ်ခဲ့ပါသည်။
       ပရိတ်တရားတော် နာယူပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးညွန့်လင်း၊ ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများ တက်ရောက်ပြီး အန္တရာယ်ကင်းပရိတ်တရားတော် နာယူခဲ့ကြပါသည်။

                 အဆိုပါ နေ့ရက် နံနက် (၀၈:၀၀) နာရီ အချိန်တွင်လည်း ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရုံးဝန်ထမ်းများက ရုံးတွင်း/ ရုံးပြင် ရေလောင်းဆေးကြောသန့်ရှင်းရေးပြုလုပ်ခြင်း၊ ဘုရားဆင်းတုတော် ရေသပ္ပာယ်ခြင်း လုပ်အားဒါနပြုခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ