ဘားအံမြို့၊ ဓမ္မပီယကျောင်းတိုက်တွင် (၅- ၅- ၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်သော ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အား ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့် သိက္ခာထပ်ကံဆောင် အလှူတော်မင်္ဂလာ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း တက်ရောက်ပြီး ဆရာတော်၊ သံဃာတော်များအား သိမ်ဆင်းလောင်းလှူခြင်း၊ ငါးပါးသီလခံယူပြီး ပရိတ်တရားတော်နာယူခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။


အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်၍ ဆရာတော်၊ သံဃာတော်များအား သိမ်ဆင်းလောင်းလှူခဲ့ကြသည်။




