ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ ပဲဆွမ်းလောင်းလှူပွဲနှင့် စတုဒိသာ အလှူတော်မင်္ဂလာ အခမ်းအနားကို (၂၂- ၅- ၂၀၂၄) ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီခန့်က ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦး နှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးနှင့် ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ပြီး သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များအား အလှူတော်ငွေ၊ ရေသန့်ဘူး၊ ချိုချဉ်သကြားလုံး နှင့် ပဲဆွမ်းတို့ကို လောင်းလှူ ဆက်ကပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့်အတူ ကဆုန်လပြည့် ဗုဒ္ဓနေ့ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်တရားလွှတ်တော်မှ ပေါင်မုန့်ထုပ်ဖြင့် ကျွေးမွေးလှူဒါန်း ကုသိုလ်ပြုခဲ့ပါသည်။