သတင်းများ

တရားရုံးဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
Post Image

          တရားရုံးဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ခြင်း  အခမ်းအနား ကို  (၃၁- ၅- ၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
        ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်စိမ်းဝင်းနှင့် ဦးညွန့်လင်းတို့မှ လမ်းညွှန်အမှာစကားပြောကြားပြီး  ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နွဲ့နွဲ့ဦးက ရုံးလုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပါသည်။

               အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်တရားရုံး၊ ဖာပွန်ခရိုင်/ မြို့နယ်တရားရုံး၊ ကြာအင်းဆိပ်ကြီးခရိုင်တရားရုံးနှင့် ကော့ကရိတ်မြို့နယ်တရားရုံး တို့မှ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း (၆၄) ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ