ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်း ၁ ရက်နေ့ )၊ မွန်းလွဲ (၁၅:၀၀) နာရီ အချိန်တွင် ကရင်ပြည်နယ်တရားလွှတ်တော်၌ အန္တရာယ်ကင်းပရိတ်တရားတော် နာယူကြပြီး သံဃာတော် အရှင်သူမြတ်တို့အား လှူဘွယ်ဝတ္တုအစုစုတို့ကို လှူဒါန်းဆက်ကပ်ခဲ့ပါသည်။




