ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အောင်ချမ်းသာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် အရန်ဗုဒ္ဓရုပ်ပွားတော် (၃) ဆူတို့အား ရွှေကြာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို တပေါင်းလပြည့်နေ့ နံနက် ၅ နာရီ အချိန်က စေတီတော်ပရိဝုဏ်ရှိ ဂန္ဓကုဋီတိုက်အတွင်း၌ ဆင်ယင်ကျင်းပရာ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ဇနီး တက်ရာက်ပြီး ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၉ နာရီတွင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီး၏ ဩဝါဒ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲနှင့် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် မဟာမင်္ဂလာ အခမ်းအနားကို တိုးချဲ့ရင်ပြင်တော်၌ကျင်းပရာ ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း ခံရသော ကရင်ပြည်နယ်အတွင်းရှိ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ် တို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကို မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ဇနီး တက်ရာက်ပြီး ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်း၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကို လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် အထူးပင့်သံဃာတော်များ၊ ဘွဲ့ခံဆရာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြပါသည်။