သတင်းများ

ပြည်နယ်တရားလွှတ်တော်မှ (၂၈) ကြိမ်မြောက် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဆွမ်းဆန်စိမ်းလောင်းလှူ

           (၂၈) ကြိမ်မြောက် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် ဘားအံမြို့၊ သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကျင်းပသည်။

 

           အဆိုပါ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့်ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဘားအံ၊ ကော့ကရိတ်၊ ဖာပွန် နှင့် ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

 

           အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်နွဲ့နွဲ့ဦး၊  ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီနှင့် တရားရေးအရာရှိများ၊ တရားသူကြီးများနှင့် ရုံးဝန်ထမ်းတို့က ရဟန်း၊ သာမဏေနှင့် သီလရှင် (၃၉၁၈)ပါးတို့အား ဆွမ်းဆန်စိမ်း နှင့် ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူခဲ့သည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ