ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး နှင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၏ လမ်းညွှန်မှာကြားချက်များအပေါ် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီက ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနား (ဒုတိယပိုင်း) ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့၊ နေ့လည် ၁၂:၃၀ နာရီ အချိန်ခန့်က ကရင်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲ (ဒုတိယပိုင်း)သို့ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ၃၀ ဦး တက်ရောက်၍ မြဝတီခရိုင်/ မြို့နယ်၊ သံတောင်ကြီးခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီး ၅ ဦးတို့မှာ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပြီး ညနေ (၄း၃၀)နာရီတွင် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း သိရသည်။












_1756791938.jpg)
