ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇)၊ တတိယနှစ်မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (၂၀၂၅ ခုနှစ်)၊ ၅.၃.၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့ မွန်းလွဲ (၁၃း၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီကရီကောလိပ်၊ သီရိခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီက အဖွင့်အမှာစကား ပြောကြားပြီးနောက် ကရင်ပြည်နယ်တရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇင်ဦး နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်တို့က တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် (Court-Led Mediation)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဖြေဆိုခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီက စေ့စပ်ဖြေရှင်းရေးစနစ်အပေါ် နိဂုံးချုပ်သုံးသပ်ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ဘားအံပညာရေးဒီကရီကောလိပ် ကျောင်းအုပ်ကြီး နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တရားရေးအရာရှိများ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။





