ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဋ္ဌေးနှင့် ဇနီး ဒေါ်နုနုဋ္ဌေးတို့အား အမှူးထား၍ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ ဦးဆောင်ပြီး ကရင်ပြည်နယ်တရားလွှတ်တော်၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ သာသနာဟိတကျောင်း၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ဇနီး ဒေါ်ကြူကြူသင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီ၊ ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးများ နှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်/ မြို့နယ်နှင့် ဖာပွန်ခရိုင်/ မြို့နယ်တရားရုံးတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တရုတ်လှစံပြကျေးရွာမှ ရွာသူရွာသားများ တက်ရောက်ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ သီရိပျံချီ ဘဒ္ဒန္တ ဉာဏိကထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်နှင့် ပင့်သံဃာအရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။ အခမ်းအနားပြီးဆုံးပြီးနောက် ဆရာတော်နှင့် ပင့်သံဃာအရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်တို့အား ရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့ပါသည်။
