၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ မွန်းလွဲပိုင်းတွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်သည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက စီမံခန့်ခွဲရေးဆိုင်ရာဂုဏ်ထူးဆောင်ဆုရရှိသူ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းတို့အား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ပစ္စည်း ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

