သတင်းများ

ကရင်ပြည်နယ်တရားလွှတ်တော်မှ တပေါင်းပွဲတော်တွင် ဆွမ်းဆန်စိမ်း လောင်းလှူ
Post Image

          တပေါင်းပွဲတော်၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ် လ (၂)ရက်နေ့၊ ညနေ ၃:၀၀ နာရီအချိန်တွင် ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ ကျင်းပသည်။

             အဆိုပါ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ဇနီး ဒေါ်ကြူကြူသင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်နွဲ့နွဲ့ဦး၊  ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီနှင့် ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဘားအံခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် ရုံးဝန်ထမ်းများက သံဃာတော်များ၊ သာမဏေများနှင့် သီလရှင် စုစုပေါင်း (၂၇၈၆)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ် လောင်းလှူခဲ့ကြသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ