သတင်းများ

စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို Video Conferencing (Zoom)ဖြင့် ဖွင့်လှစ်ခြင်း
Post Image

          စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၆ ခုနှစ်၊ မေလ (၁၉)ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်၌ Video Conferencing (Zoom)ဖြင့် ဖွင့်လှစ်ခဲ့ရာ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်းက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်း၊ သင်တန်းနည်းပြများဖြစ်သော ပြည်နယ်တရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦး၊ စေ့စပ်ဖြေရှင်းရေးအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး (၃)ဦး နှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ  (၁၈) ဦး နှင့် တရားရုံးဝန်ထမ်း (၁၈) ဦးတို့မှာ In person တက်ရောက်၍ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး၊ မြဝတီခရိုင်/ မြို့နယ်တရားရုံး၊ ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံး၊ သံတောင်ကြီးခရိုင်/ မြို့နယ်တရားရုံးနှင့် လှိုင်းဘွဲမြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ (၉) ဦး နှင့် တရားရုံးဝန်ထမ်း (၁၅)ဦး တို့မှာ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

 

           သင်တန်းတွင် ပြည်နယ်တရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးက စေ့စပ်ဖြေရှင်းရေးလုပ်ငန်းစဉ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇင်ဦးက စေ့စပ်ဖြေရှင်းရေးလက်စွဲ အပိုင်း (၂)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရူပါနေဝင်းက  စေ့စပ်ဖြေရှင်းရေးလက်စွဲ အပိုင်း (၁)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးမို့မို့က စေ့စပ်ဖြေရှင်းရေးလက်စွဲ အပိုင်း (၃၊ ၄) တို့ကို Power Point ဖြင့် ဆွေးနွေးပို့ချပေးခဲ့ပါသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ