မီဒီယာဆက်ဆံရေး ကျွမ်းကျင်မှုဆင့်ပွားသင်တန်းကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၆ ခုနှစ်၊ မေလ (၂၇) ရက်နေ့ နံနက် (၀၉:၃၀) နာရီ အချိန်၌ Video Conferencing (Zoom) ဖြင့် ဖွင့်လှစ်ခဲ့ရာ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်းက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မြတ်ခိုင်ဝင်း၊ သင်တန်း နည်းပြများဖြစ်သော ပြည်နယ်တရားရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်အေး၊ စေ့စပ်ဖြေရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးနှင့် ဘားအံခရိုင်တရားသူကြီး ဒေါ်သက်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ် တရားရုံးတို့မှ သင်တန်းတက်ရောက်သူ တရားရေးအရာရှိ (၂၀)ဦးတို့မှာ In person တက်ရောက်၍ ကော့ကရိတ်ခရိုင်/ မြို့နယ်တရားရုံး၊ မြဝတီခရိုင်/ မြို့နယ်တရားရုံး၊ ကြာအင်းဆိပ်ကြီးခရိုင်/ မြို့နယ်တရားရုံး၊ သံတောင်ကြီးခရိုင်/ မြို့နယ်တရားရုံး နှင့် လှိုင်းဘွဲ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ (၉)ဦး တို့မှာ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။



သင်တန်းတွင် ပြည်နယ်တရားရေးဦးစီးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်အေးက တရားရုံးသတင်းပြန်ကြားရေးအဖွဲ့ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်နှင့် သတင်းပြန်ကြားရေးအဖွဲ့ဝင်များ၊ သတင်းပြန်ကြားရေးအရာရှိများ လိုက်နာရမည့် အချက်များကိုလည်ကောင်း၊ စေ့စပ်ဖြေရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးက တရားရုံးသတင်းမီဒီယာလက်စွဲ၊ တရားရေးအရာရှိများနှင့် သတင်းမီဒီယာ ဆက်ဆံရေးကိုလည်းကောင်း၊ ဘားအံခရိုင်တရားသူကြီး ဒေါ်သက်သက်ဦးက အင်တာဗျူး လုပ်ဆောင်ခြင်းနှင့်စပ်လျဉ်း၍ လက်တွေ့လေ့ကျင့်ခြင်းကို လည်းကောင်း Power Point ဖြင့် ဆွေးနွေးပို့ချပေးခဲ့ပြီး လက်တွေ့အင်တာဗျူးခြင်းကိုလည်း Group အလိုက် ဆောင်ရွက်ခဲ့ကြပါသည်။






