သတင်းများ

တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲ ကျင်းပခြင်း
Post Image

      တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၁/ ၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်၌ ကျင်းပခဲ့ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

        အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိ (၂၂) ဦး နှင့် သင်တန်းသား/ သူ (၁၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၈- ၆- ၂၀၂၆) ရက်နေ့မှ (၁၉- ၆- ၂၀၂၆) ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတွင် စေ့စပ်ဖြေရှင်းရေးလက်စွဲ၊ ရုံးစာရေးသားနည်း၊ တရားရုံးများလက်စွဲပါ စီမံရေးရာနှင့် ထောက်ပံ့ရေးရာ၊ အမှုတွဲများ ထိန်းသိမ်းရေး၊ ပြစ်မှုနှင့် တရားမ၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်းနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန်များ၊ ငွေစာရင်း ထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးကျင့်စဉ် ဘာသာရပ်တို့ကို သင်ကြားပို့ချမည် ဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ